Myanmar English Dictionary
Vowel 'OON'
ကွန် - ကွန်ဂ - ကွန်ပျူတာ - ကွန်ပစ် - ကွန့် ကွန်း ကွမ်း - ကွမ်းတ - ကွမ်းယ - ကွမ်းအ ကျွံ ကျွန် - ကျွန်ုပ် ကျွန်ပ - ကျွန်း - ကျွန်းစ ကျွန်းဆ - ကျွမ်း - ကျွမ်းထ - ခွံ ခွံ့ ခွန် sounds like ခွန် ခွန်း ချွံ ချွန် ချွန်း ဂွမ်း ဂျွံ ဂျွန် ဂျွမ်း စွံ စွန် စွန်က - စွန့် - စွန့်ပ - စွန်း စွမ်း - စွမ်းအ - ဆွံ့ ဆွန့် ဆွမ် ဆွမ်း - ဆွမ်းစ - ဆွမ်းပ - ဆွမ်းအ ဇွန် ဇွန်း ညွန် ညွန့် ညွှန် ညွှန်း တွံ တွန် တွန့် - တွန့်ဆ - တွန်း တွန်းက - တွန်းအ ထွန် - ထွန်ည - ထွန့် ထွန်း ဒွန် ဒွန်း နွံ နွမ်း ပွန် ပွန်း ပြွန် ပြွမ်း ဖွံ့ ဖွန်း ဘွန်း မွန် - မွန်ခ - မွန်အ မွန်း - မွန်းလ - မွမ် မွမ်း မွှန် မွှန်း မွှမ်း ယွန်း ရွံ ရွံ့ ရွှံ့ ရွှန်း ရွှမ်း လွန် - လွန်စ - လွန့် လွန်း - လွန်းတ - လွန်းအ လွမ်း လွှံ့ ဝံ ဝံ့ ဝဏ် ဝန် ဝန်က ဝန်ခ - ဝန်စ ဝန်ဆ - ဝန်တ - ဝန်ဓ - ဝန်း ဝမ်း - ဝမ်းက ဝမ်းခ - ဝမ်းတ - ဝမ်းန - ဝမ်းနည်း - ဝမ်းနုတ် - ဝမ်းပ - ဝမ်းဖ ဝမ်းဗ - ဝမ်းရ ဝမ်းလ ဝမ်းဝ - ဝမ်းအ ဝှန် ဝှန်း သွံ သွန် သွန်း သွမ်း ဟွန် ဟွန်း အွန် အွန်း Back to Dictionary Main Menu-
လွန်း | loon3; loon3

(1) loon3 - ရက်ကန်း၏ အစိတ်အပိုင်းတစ်ခု | yet-kun3 e1 a-sate a-pine3 ta1-khu1 - shuttle (ˈshə-tᵊl 🔊) of a loom in weaving process.
လွန်းပြန်ယာဉ် | loon3-byan2 yin2 - space shuttle (ˌspeɪ(s) ˈʃədl 🔊). [Watch this video.]
(2) loon3 - ကြိုးကျစ်ရန် ကြိုးအမျှင် | kjo3 kjit yan2 kjo3 a-hmyin2 - strand (ˈstrand 🔊) for making ropes.
(3) loon3 - ဇာတာတွက်ရာတွင် သုံးသော အသုံးအနှုန်း | za2-ta2 twet ya2-dwin2 thone3 dthau3 a-thone3 a-hnome3 - a term used in astrological calculation of one's destiny using astrology chart (ə-ˈsträ-lə-jē ˈchärt🔊).
(4) loon3 - same as လင်းလွန်း | lin3-loon3 - Buchanania lanzan ယခင်က မျိုးခွဲသတ်မှတ်ခဲ့သည် | ya1-khin2 ga1 myo3-khweare3 thut-hmut kheare1 dthi2 - previously classified as Buchanania latifolia, အလယ်အလတ်အရွယ် အပင် | a-leare2 a-lut a-yweare2 a-pin2 - a medium-sized tree ဗာဒံသီးနှင့်တူသော အသီးသီးသည် | ba2-dun2-dthi3 hnin1 tu2-dthau3 a-thi3 thi3 dthi2 - bearing Indian almond-like kernels (ˈkʌrnl 🔊), a မျိုးစု | myo3-zu1 - genus (ˈjē-nəs 🔊) in the သရက်နှင့် သီဟိုဠ်သရက် မျိုးရင်း | tha1-yet hnin1 thi2-ho2 tha1-yet myo3-yin3 - Anacardiaceae (🔊), mango and cashew [Biology] family (ˈfam-lē 🔊). [Also လွန် | loon2; လွန်ဖို | loon2-pfo2; [Pali] ရာဇယတန | ya2-za1 ya1-ta1-na1.]
(5) loon3 - “လွန်ကဲမှု” ဟု သဘောဆောင်သည့် နောက်ဆက်ပစ္စည်း | “loon1-keare3-hmu1” hu1 drha1-bau3-hsoun2 dthi1 nout-hset pyit-si3 - particle suffix used after verbs and adjectives to convey the sense of being too “excessive” or “too much”.
ခင်ဗျားမေ့နိုင်လွန်းတယ် | kha1-mya3 may1 nine2-loon3 deare2 - You are too forgetful.
-
လွန်းကျော် | loon3-jau2 - နှတ်ကျော်သွားသည် | hnut kjau2 thwa3 dthi2 - irregularity in woven yarn due to အမှားပါခြင်း | a-hma3 pa2 jin3 - fault in တိုင်ချည် | tine2-ji2 - warp (ˈwȯrp 🔊).
-
လွန်းကျင်း | loon3-jin3 - သင်္ဘောကျင်း | thin3-bau3 jin3 - shipyard (ˈship-ˌyärd 🔊) dock (ˈdäk 🔊) for repair and maintenance of boats and ships.
-
လွန်းကြင် | loon3-kjin2 - (1) ကြင်ဖော်ကို အလွန်မေတ္တာထားသော ဒဏ္ဍာရီလာငှက် | kjin2-bau2 go2 a-loon2 myit-ta2 hta3 dthau3 dun2-da2-ya2 la2 hnget - a mythical bird with intense devotion to its mate. (2) ထိုငှက်ပုံဖော်ထားသည့် လှေ | hto2 hnget pone2-pfau2 hta3-dthi1 hlay2 - a boat with design to represent such a bird.
-
လွန်းချ | loon3-cha1 - သင်္ဘောရေချသည် | thin3-bau3 yay2-cha1 dthi2 - undock a ship (ˈʌnˌdɑk 🔊).
-
လွန်းချိတ် | loon3-jate - အလိမ်အကောက် ဒီဇိုင်းရက်ထားသည့် ပိုးထည် | a-lain2 a-kout de2-zine3 yet hta3 dthi1 po3-deare2 - myanmar silk (ˈsilk 🔊) fabric with intricate wavy patterns.
