Myanmar English Dictionary
Vowel 'AIN'
ကိန် ကိန်း - ကိန်းတ - ကိန်းအ ကျိန် ကျိန်း ကြိမ် ကြိမ်း ချိန် ချိန်က - ချိန်တ - ချိန်း ချိမ့် ခြိမ့် ခြိမ်း ဂိမ်း ဂျိန် ဂျိန်း ငြိမ် ငြိမ့် ငြိမ်း - ငြိမ်းခ - ငြိမ်းအ ငြှိမ်း စိန် - စိန်တ - စိန်န စိန်ပ - စိန့် စိန်း စိမ် စိမ့် စိမ်း - စိမ်းစ စိမ်းဆ - ဆိမ့် ဇိမ် တိန် တိန့် တိန်း တိမ် - တိမ်င - တိမ်ပ - တိမ်း ထိန် ထိန့် ထိန်း ထိမ် ထိမ်း ဒိန် ဒိန်း ဒိမ်း နိမ် နိမ့် နှိမ် နှိမ့် Back to Dictionary Main Menu-
တိမ်း | tain3

(1) တိမ်းစောင်းနေသည် | tain3-soun3 nay2 dthi2 - tilt; lean (lin 🔊); bend; be tipping to one side (tɪp 🔊).
(2) sway (sweɪ 🔊) as in လေယူရာတိမ်း | lay2 yu2 ya2 tain3 - sway in the direction of the wind.
(3) dodge; duck; elude; evade; avoid as in ရှောင်တိမ်း | shoun2 tain3.
(4) deviate; err; miss the target.
အယူတိမ်း | a-yu2 tain3 - ဘဝတစ်ပါး မပြောင်းမီ နောက်ဆုံးအချိန်၌ အကုသိုလ်စိတ် ပေါ်လာသည် | ba1-wa1 da1-ba3 (ma1)-pyoun3 mi2 nout-hsone3 a-chain2 hnite ah1 ku2-dtho2 sate pau2 la2 dthi2 - arising of unwholesome thoughts prior to the death moment, ဗုဒ္ဓဘာသာ အယူအရ အပါယ်လားနိုင်သည် | boat-da1 ba2-dtha2 a-yu2 a-ya1 a-peare2 la3 nine2 dthi2 - which in Buddhism may lead to rebirth in an unfavorable destination.
-
တိမ်းစောင်း | tain3 soun3 - (1) lean at an angle (lin 🔊) or incline from the vertical position; tilt to one side (tɪlt 🔊). (2) sway (sweɪ 🔊); veer (vɪər 🔊). (3) deviate from the target; err.
-
တိမ်းစောင်းမှု | tain3-soun3-hmu1 - the state of being leaning at an angle from the vertical position or veering to one side; deviation from target.
-
တိမ်းညွတ် | tain3-nyoot - have an inclination toward or liking for someone or something.
-
တိမ်းညွတ်မှု | tain3-nyoot hmu1 - inclination; tendency; preference.
-
တိမ်းပါး | tain3 ba3 - (1) မှားယွင်းမှု ပြုလုပ်သည် | hma3-ywin3-hmu1 pyu1-loat dthi2 - go astray; deviate; err. (2) စီးပွားရေး ကျဆင်းသည် | si3-bwa3-yay3 kja1 hsin3 dthi2 - wealth to decline. (3) ကွယ်လွန် အနိစ္စရောက်သည် | kweare2-loon2 a-nate-sa1 yout dthi2 - die.
-
တိမ်းမပ် | tain3 mut - [archaic] (1) lean; bend. (2) same as တိမ်းညွတ် | tain3-nyoot.
-
တိမ်းမှောက် | tain3 hmout - automobiles to overturn (ˌoʊ.vɚˈtɝːn 🔊); tip over (tɪp ˌoʊvər 🔊); boats to capsize (ˈkap-ˌsīz 🔊); trains to derail (dɪˈreɪl 🔊).
-
တိမ်းယိမ်း | tain3 yain3 - same as တိမ်းရှောင် | tain3 shoun2.
-
တိမ်းရှောင် | tain3 shoun2 - evade; avoid; swerve (swərv 🔊) to the left or right to avoid collision.
