Myanmar English Dictionary
Vowel 'AIN'
ကိန် ကိန်း - ကိန်းတ - ကိန်းအ ကျိန် ကျိန်း ကြိမ် ကြိမ်း ချိန် ချိန်က - ချိန်တ - ချိန်း ချိမ့် ခြိမ့် ခြိမ်း ဂိမ်း ဂျိန် ဂျိန်း ငြိမ် ငြိမ့် ငြိမ်း - ငြိမ်းခ - ငြိမ်းအ ငြှိမ်း စိန် - စိန်တ - စိန်န စိန်ပ - စိန့် စိန်း စိမ် စိမ့် စိမ်း - စိမ်းစ စိမ်းဆ - ဆိမ့် ဇိမ် တိန် တိန့် တိန်း တိမ် - တိမ်င - တိမ်ပ - တိမ်း ထိန် ထိန့် ထိန်း ထိမ် ထိမ်း ဒိန် ဒိန်း ဒိမ်း နိမ် နိမ့် နှိမ် နှိမ့် Back to Dictionary Main Menu-
ချိန်ကိုက် | chain2 kite - (1) ရေချိန်၊ ပီလားကြိုး အသုံးပြု၍ မျက်နှာပြင်ညီမညီ စစ်ဆေးသည် | yay2-jain2, be2-la3-jo3 a-thone3-pyu1 yway1 myet-hna1-byin2 nyi2 (ma1)-nyi2 sit-hsay3 dthi2 - check the alignment of engineering structure with a plumb line (ˈplʌm ˌlaɪn 🔊) and spirit level (ˈspɪr.ət ˌlev.əl 🔊). (2) ညှိနှိုင်းဆောင်ရွက်သည် | hnyi1-hnine3 hsoun2-ywet dthi2 - coordinate; synchronize. (3) ကိန်းဂဏန်း အချက်အလက်များကို အပြန်အလှန်စစ်ဆေးသည် | kain3-ga1-nun3 a-chet a-let mya3 go2 a-pyan2 a-hlun2 sit-hsay3 dthi2 - cross-check and verify data.
-
ချိန်ကိုက်ဗုံး | chain2-kite bone3 - time bomb (ˌtaɪm ˈbɑm 🔊).
-
ချိန်ခွင် | chain2-gwin2 - a pair of scales; balance (ˈbæl.əns 🔊).
-
ချိန်ခွင်ခွက် | chain2-gwin2 khwet - scale pan.
-
ချိန်ခွင်ပေါင် | chain2-gwin2 boun2 - holder at the fulcrum (ˈfu̇l-krəm 🔊) of the scales.
-
ချိန်ခွင်လက် | chain2-gwin2 let - horizontal beam attached to a pair of scale pans.
-
ချိန်ခွင်လျှာ | chain2-gwin2 sha2 - tongue of the scales at the fulcrum point.
-
ချိန်ခွင်လျှာချိန်ညှိ | chain2-gwin2-sha2 jain2-hnyi1 - တန်ပြန်အလေးချိန်နှင့် ချိန်ခွင်နှစ်ဖက်ညီအောင် ထိန်းညှိသည် | tan2-pyan2 a-lay3-jain2 hnin1 chain2-gwin2 hna1-pfet nyi2 oun2 htain3-hnyi1 dthi2 - balance the load on one side of the scales with တန်ပြန်အလေးချိန် | tan2-pyan2 a-lay3-jain2 - counterweight on the other side so that the scale is in balance, and ချိန်ခွင်လျှာ | chain2-gwin2 sha2 - tongue of the scales is at the fulcrum point. Figuratively it refers to ဟိုဘက်သည်ဘက် ညီအောင်ထိန်းခြင်း | ho2-bet dthi2-bet nyi2 oun2 htain3-jin3 - the balancing act as in ချိန်ခွင်လျှာချိန်ညှိထိန်းကျောင်းခြင်း | chain2-gwin2-sha2 jain2-hnyi1 htain3-kjoun3 jin3 - counterbalancing the power in the နိုင်ငံရေးမြင်ကွင်း | nine2-ngan2-yay3 myin2-gwin3 - political scene or ကမ္ဘာ့ဇာတ်ခုံစင်မြင့်ပေါ်၌ ရှိသောနိုင်ငံများအကြား | ga1-ba1 zut-khone2 sin2-myin1 pau2 hnite shi1-dthau3 nine2-ngan2 mya3 a-kja3 - on the world stage between nations, etc..
-
ချိန်စက် | chain2-set - အလေးချိန် တူမတူသိရှိရန် ချိန်ကြည့်သည် | a-lay3-jain2 tu2 (ma1)-tu2 thi1-shi1 yan2 chain2 kji1 dthi2 - weigh; determine whether two things are equal in weight.
-
ချိန်စဉ်းလဲ | chain2 sin3-leare3 - အလေးခိုးသည့် ချိန်ခွင် | a-lay3 kho3-dthi1 chain2-gwin2 - a tampered set of scales with incorrect reading.
-
ချိန်ဆ | chain2-hsa1 - (1) အလေးချိန်ကို ခန့်မှန်းကြည့်သည် | a-lay3-jain2 go2 khan1-hmun3 kji1 dthi2 - estimate the weight of something. (2) ချင့်ချိန်သုံးသပ်သည် | chin1-jain2 thone3-thut dthi2 - make a deliberation.
