Myanmar English Dictionary
Vowel 'A'
အယား - အယူ ဘ - အယူ ဝ အယူ သ - အယို - အယုတ် - အယုံ - အရ - အရ သ အရ ဟ - အရ အ အရာ - အရာရှိ - အရိ - အရူ - အရေ - အရေ ပ - အရေး - အရေး စ - အရေး န - အရေး မ - အရဲ - အရံ - အရိုး - အရိုး တ - အရိုး ပ အရိုး ဖ - အရက် - အရက် မ - အရင် - အရင့် အရင်း - အရင်း မ - အရောင် - အရောင်း - အရိုင် - အရည် - အရည် ပ - အရည် ရ - အရည်း - အရပ် - အရပ် ရ - အရပ် ဝ အရပ် သ - အရိပ် - အရိပ် န အရိပ် ပ - အရုပ် - အရမ်း - အရုံ - အရွက် - အရွယ် - အရွယ် ရ - အရှ - အရှေ့ ဖ - အရှက် - အရှက် ခ - အရှိုက် - အရှင် - အရှည် - အရှိန် - အရှိန် မ အရှိန် ယ - အရှုပ် - အရှုံး - အရွှတ် - Back to Dictionary Main Menu-
အရင်း | a-yin3
(1) ရင်းနှီးငွေ | yin3-hni3 ngway2 - capital investment; pricipal amount.
(2) မိရင်းဖရင်း၊ ပထွေး၊ မိထွေး မဟုတ်သည့် အဖေအရင်း၊ အမေအရင်း | mi1 yin3 pfa1 yin3, pa1-htway3, mi1-dway3 ma1-hote dthi1 a-pfay2 a-yin3, a-may2 a-yin3 - biological parent (ˌbaɪəˈlɑdʒəkəl ˈpɛrənt 🔊), biological father, biological mother, birth parent, birth mother, birth father, genetic parent, genetic father, genetic mother, bioparent, natural parent, natural father, natural mother, who is not a step-parent (stepfather, stepmother) or အုပ်ထိန်းသူ | oat-htain3 dthu2 - foster parent.
(3) ညီအရင်း၊ မောင်အရင်း၊ အစ်ကိုအရင်း၊ အစ်မအရင်း | nyi2 a-yin3, moun2 a-yin3, a-ko2 a-yin3 a-ma1 a-yin3 - နှစ်ပါးစုံမွေး | hna1-pa3 zone2 mway3 - မောင်စုံနှမစုံမွေး | moun2-zone2 hna1-ma1-zone2 mway3 - ညီအစ်ကိုမောင်နှမ အရင်း၊ မွေးချင်း သားချင်းတော်စပ်သူ | nyi2 a-ko2 moun2 hna1-ma1 a-yin3, mway3-jin3 tha3-jin3 tau2-sut-dthu2 - full siblings ရည်ညွှန်းသည် | yi2-hnyoon3 dthi2 - in reference to children of the same parentage, as opposed to အဖေတူမအေကွဲ၊ အမေတူဖအေကွဲ | a-pfay2-du2 ma1-ay2-gweare3, a-may2-du2 pfa1-ay2-gweare3 - half siblings and ပထွေး၊ မိထွေး၏ သား၊ သမီးများ | pa1-htway3, mi1-dway3 e1 tha3 tha1-mi3 mya3 - step-siblings involving လင်ပါကလေး | lin2-ba2 kha1-lay3 ခင်ပွန်း၏ ယခင်အိမ်ထောင်မှ ပါလာသော ကလေး | khin2-boon2 e1 ya1-khin2 ain2-doun2 hma1 pa2-la2-dthau3 kha1-lay3 - stepchild of a woman (husband's child from his previous marriage) and မယားပါကလေး | ma1-ya1-ba2 kha1-lay3 - ဇနီး၏ ယခင်အိမ်ထောင်မှ ပါလာသော ကလေး | za1-ni3 e1 ya1-khin2 ain2-doun2 hma1 pa2-la2-dthau3 kha1-lay3 - stepchild of a man (wife's child from her former marriage).
(4) မိသားစုကဲ့သို့ ခင်မင်ရင်းနှီးသူ | mi1-dtha3-zu1 keare1-dtho1 khin2-min2 yin3-hni3 dthu2 - someone close like a real family member. The most common word is ဆရာအရင်း | hsa1-ya2 a-yin3 - a close mentor.
(5) အရင်းခံကျသည့် အရာ၊ အခြေခံဖြစ်သည့် အရာ | a-yin3-khan2 kja1 dthi1 a-ya2, a-chay2-gun2 pfyit dthi1 a-ya2 - something primary; foundation.
-
အရင်းခံ | a-yin3 khan2; a-yin3-gun2
(1) a-yin3 khan2 - အခြေခံထားသည်၊ မှီငြမ်းကိုးကားသည် | a-chay2-khan2 hta3 dthi2; hmi2-nyan3 ko3-ka3 dthi2 - base on something.
(2) a-yin3-gun2 - မူလရင်းမြစ် | mu2-la1 yin3-myit - basis; base; foundation; mainstay; root; root cause.
-
အရင်းခံကျ | a-yin3-khan2 kja1 - အခြေခံကျသည် | a-chay2-gun2 kja1 dthi2 - be fundamental.
-
အရင်းခံတရား | a-yin3-gun2 ta1-ya3 - နိယာမ | ni1-ya2-ma1 - principle.
-
အရင်းခေါက်ခေါက် | a-yin3 khout-khout
(1) မိရင်းဖရင်း | mi1 yin3 pfa1 yin3 - biological parent (ˌbaɪəˈlɑdʒəkəl ˈpɛrənt 🔊).
(2) မွေးစားသားသမီး၊ လင်ပါကလေး မယားပါကလေး မဟုတ်သည့် မိမိ၏ သားသမီး အရင်းစစ်စစ် | mway3-za3 tha3-tha1-mi3, lin2-ba2 kha1-lay3, ma1-ya1-ba2 kha1-lay3 ma1-hote dthi1 mi1 mi1 e1 tha3-tha1-mi3 a-yin3 sit-sit - one's own birth child, natural child, biological child, genetic child or offspring who is not a stepchild or adopted.
(3) ညီအစ်ကိုမောင်နှမ အရင်း၊ မွေးချင်း သားချင်းတော်စပ်သူ | nyi2 a-ko2 moun2 hna1-ma1 a-yin3, mway3-jin3 tha3-jin3 tau2-sut-dthu2 - full siblings.
-
အရင်းစိုက် | a-yin3 site - ငွေအကုန်အကျခံကာ (ငွေစိုက်၍) ရင်းနှီးသည် | ngway2 a-kone2 a-kja1 khan2 ga2 (ngway2-site yway1) yin3-hni3 dthi2 - invest money.
-
အရင်းပြန်ထည့် | a-yin3 pyan2 hteare1 - recapitalize; reinvest.
-
အရင်းတိုင်း | a-yin3-dine3 - ဝယ်ဈေးအတိုင်း၊ အမြတ်မပါဘဲ ကုန်ကျစရိတ်အတိုင်း | weare2-zay3 a-tine3, a-myut (ma1)-pa2 beare3 kone2-kja1 za1-yate a-tine3 - equivalent to cost; without markup and profit margin.
-
အရင်းတည် | a-yin3 ti2
(1) ရင်းနှီးမြှုပ်နှံသည်၊ အရင်းမြှုပ်သည် | yin3-hni3 hmyoat-hnun2 dthi2; a-yin3 hmyoat dthi2 - put up capital for investment.
(2) အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်သည် | a-chay2-gun2 oat-myit a-pfyit thut-hmut dthi2 - set as a base or foundation.
-
အရင်းတန်ဖိုးတိုးခွန် | a-yin3 tan2-bo3 toe3 goon2 - capital gains tax (ˌkæp.ɪ.t̬əl ˈɡeɪnz ˌtæks 🔊).
