Myanmar English Dictionary
Vowel 'A'
အယား - အယူ ဘ - အယူ ဝ အယူ သ - အယို - အယုတ် - အယုံ - အရ - အရ သ အရ ဟ - အရ အ အရာ - အရာရှိ - အရိ - အရူ - အရေ - အရေ ပ - အရေး - အရေး စ - အရေး န - အရေး မ - အရဲ - အရံ - အရိုး - အရိုး တ - အရိုး ပ အရိုး ဖ - အရက် - အရက် မ - အရင် - အရင့် အရင်း - အရင်း မ - အရောင် - အရောင်း - အရိုင် - အရည် - အရည် ပ - အရည် ရ - အရည်း - အရပ် - အရပ် ရ - အရပ် ဝ အရပ် သ - အရိပ် - အရိပ် န အရိပ် ပ - အရုပ် - အရမ်း - အရုံ - အရွက် - အရွယ် - အရွယ် ရ - အရှ - အရှေ့ ဖ - အရှက် - အရှက် ခ - အရှိုက် - အရှင် - အရှည် - အရှိန် - အရှိန် မ အရှိန် ယ - အရှုပ် - အရှုံး - အရွှတ် - Back to Dictionary Main Menu-
အရေးမကြီးသော | a-yay3 ma1-kji3 dthau3 - unimportant; inconsequential; trivial.
-
အရေးမပါ | a-yay3 ma1-pa2 - be unimportant.
-
အရေးယူ | a-yay3 yu2
(1) တရားစွဲသည် | ta1-ya3 sweare3 dthi2 - take legal action; file a legal case; sue; litigate; prosecute.
(2) ဂရုစိုက်သည်၊ အလေးထားကာ စောင့်ရှောက်သည် | ga1-yu1-site dthi2; a-lay3-hta3 ga2 soun1-shout dthi2 - give care and attention; be attentive.
-
အရေးရှိ | a-yay3 shi1 - အရေးကြီးသည့် ကိစ္စတစ်ခု ပေါ်လာသည် | a-yay3-kji3 dthi1 kate-sa1 ta1-khu1 pau2 la2 dthi2 - an important matter to come up.
-
အရေးလုပ် | a-yay3 loat - အဖက်လုပ်သည်၊ အလေးထား၍ တန်းတူဆက်ဆံသည် | a-pfet loat dthi2; a-lay3-hta3 yway1 dun3-du2 hset-hsun2 dthi2 - treat someone as social equal. [Note: common term in negative form is အဖက်မလုပ် | a-pfet (ma1)-loat - snub someone as a nonentity.
-
အရေးလှ | a-yay3 hla1 - အခြေအနေကောင်းသည်၊ အနိုင်ရနေသည် | a-chay2 a-nay2 koun3 dthi2; a-nine2 ya1 nay2 dthi2 - be in favorable position; be winning.
-
အရေးသာ | a-yay3 tha2 - အပေါ်စီးရသည်၊ တစ်ပန်းသာသည် | a-pau2-zi3 ya1 dthi2; da1-bun3 tha2 dthi2 - gain an upper hand or superiority, be in a superior position; have a vantage point.
-
အရေးအကြီးဆုံး | a-yay3 a-kji3-zone3 - the most important; the most critical; ultimate (decision, responsibility, etc.).
-
အရေးအကြောင်း | a-yay3 a-kjoun3
(1) ကိစ္စ | kate-sa1 - affair; matter.
(2) အရေးကြီးသည့်ကိစ္စ၊ အခြေအနေ | a-yay3 kji3 dthi1 kate-sa1, a-chay2 a-nay2 - time of need; matter or problem; emergency situation .
(3) ရေးသားထားသည့်စာ | yay3-tha3 hta3-dthi1 sa2 - inscription.
-
အရေးအခင်း | a-yay3 a-khin3
(1) ကိစ္စ | kate-sa1 - affair; matter.
(2) ဆူပူအုံကြွဆန္ဒပြမှု | hsu2-pu2 ome2-kjwa1 hsun2-da1 pya1 hmu1 - protests and public unrest (ˈʌnˌrɛst 🔊); civil disorder.
-
အရေးအသား | a-yay3 a-tha3 - writing (ˈraɪdɪŋ 🔊); style of writing.
-
အရေးအသားစနစ် | a-yay3 a-tha3 sa1-nit - writing system (🔊).
