Myanmar English Dictionary
Vowel 'A'
အမ - အမိ - အမူ - အမူး အမေ အမေ့ - အမေး အမဲ - အမဲ သ - အမော - အမိုး - အမောက် - အမည် - အမည် န - အမည်း - အမိန့် - အမုန် - အများ - အများ သ - အမျိုး - အမျိုး တ - အမျိုးသမီး - အမျိုးသမီး အ - အမျိုးသား - အမျိုးသား န အမျိုးသား ပ - အမျိုးသား မ အမျိုးသား ယ - အမျိုးအ - အမျက် - အမြီး - အမြဲ - အမြော် - အမြောက် - အမြင် - အမြင် န - အမြင့် - အမြစ် - အမြတ် - အမြတ် တ အမြတ် ထ - အမြိတ် - အမြန် - အမွေ - အမွေ ထ - အမွေး - အမွန် - အမှာ - အမှား - အမှီ - အမှု - အမှုတ - အမှုမ - အမှူး - အမှောက် - အမှောင် - အမှတ် အမှတ် တ အမှတ် ထ - အမှန် - အမှုန် - အမြွက် - အမျှင် - အမြှောင် - အမွှေး - အမြွှာ Back to Dictionary Main Menu-
အမြင့် | a-myin1
(1) မြေမျက်နှာပြင် သို့မဟုတ်၊ ပင်လယ်ရေ မျက်နှာပြင် ထက်မြင့်သည့် အတိုင်းအတာ | myay2 myet-hna1-byin2 dtho1 ma1-hote pin2-leare2-yay2 myet-hna1-byin2 htet myin1-dthi1 a-tine3 a-ta2 - height; elevation altitude relative to ground level or sea level.
(2) မြင့်သောနေရာ | myin1-dthau3 nay2-ya2 - high place.
-
အမြင့်ကြောက် စိတ်ဝေဒနာ | a-myin1-kjout sate-way2-da1-na2 - acrophobia, an extreme fear of heights.
-
အမြင့်ခုန် | a-myin1 khone2
- [Sports] high jump (ˌhaɪ ˌˈdʒʌmp 🔊). [Watch this video.] [Also တန်းခုန် | tan3 khone2.]
-
အမြင့်ဆုံး | a-myin1-zone3
- highest; tallest.
-
အမြင့်ဆုံးဝိသေသ | a-myin1-zone3 we1-thay2-tha1 - superlative form of an adjective or an adverb.
-
အမြင့်ညီမျဉ်း | a-myin1-nyi2 myin3 - contour line on the map (ˈkän-ˌtu̇r 🔊).
-
အမြင့်တင်ရေစင် | a-myin1-tin2 yay2-zin3 - water tower (ˈwɑː.t̬ɚ ˌtaʊ.ɚ 🔊).
-
အမြင့်သဘင် | a-myin1 dtha1-bin2 - [obsolete] ရုပ်သေးပွဲ | yoat-thay3 pweare3 - puppet show (ˈpə-pət 🔊), as opposed to အနိမ့်သဘင် | a-nain1 dtha1-bin2 - [obsolete] အငြိမ့်၊ ဇာတ်သဘင် | a-nyain1, zut dtha1-bin2 - stage show with human performers.
-
အမြင့်အမြတ်ထားသော | a-myin1 a-myut hta3-dthau3 - sacred; hallowed.
-
အမြောင် | a-myoun2 - ကမ်းမြောင် | kun3-myoun2 - a narrow strip of land along the sea or river; a coastal strip (ˈkoʊstəl 🔊).
-
အမြိုင့်သား | a-myine1-dtha3 - စတိုင်ကျကျ၊ အခံ့သား၊ အခံ့စား၊ အစွေ့သား၊ အငြိမ့်သား၊ အမြိန့်သား | sa1-tine2 kja1 ja1, a-khan1-dtha3, a-khan1-za3, a-sway1-dtha3, a-nyain1 dtha3, a-myain1-dtha3 - comfortably; elegantly; in a stately manner like a royalty; (ride or sit) in style; in a stylish manner.
