Myanmar English Dictionary
Vowel 'A'
အမ - အမိ - အမူ - အမူး အမေ အမေ့ - အမေး အမဲ - အမဲ သ - အမော - အမိုး - အမောက် - အမည် - အမည် န - အမည်း - အမိန့် - အမုန် - အများ - အများ သ - အမျိုး - အမျိုး တ - အမျိုးသမီး - အမျိုးသမီး အ - အမျိုးသား - အမျိုးသား န အမျိုးသား ပ - အမျိုးသား မ အမျိုးသား ယ - အမျိုးအ - အမျက် - အမြီး - အမြဲ - အမြော် - အမြောက် - အမြင် - အမြင် န - အမြင့် - အမြစ် - အမြတ် - အမြတ် တ အမြတ် ထ - အမြိတ် - အမြန် - အမွေ - အမွေ ထ - အမွေး - အမွန် - အမှာ - အမှား - အမှီ - အမှု - အမှုတ - အမှုမ - အမှူး - အမှောက် - အမှောင် - အမှတ် အမှတ် တ အမှတ် ထ - အမှန် - အမှုန် - အမြွက် - အမျှင် - အမြှောင် - အမွှေး - အမြွှာ Back to Dictionary Main Menu-
အမောခံနိုင်ရည် | a-mau3 khan2-nine2-yay2 - သက်လုံ | thet-lone2 - stamina (ˈstæmənə 🔊); endurance.
-
အမောစေ့ | a-mau3 say1 - အမောပြေသွားသည် | a-mau3 pyay2 thwa3 dthi2 - recover from tiredness after resting; no longer tired.
-
အမောဆို့ | a-mau3 hso1 - မောလွန်းသဖြင့် “ဟောဟဲ၊ ဟောဟဲ” ဖြစ်နေသည် | mau3 loon3 tha1-pfyin1 “hau3-heare3 hau3-heare3” pfyit nay2 dthi2 - become breathless with exhaustion; gasping for air (ˈgasp 🔊) after strenuous physical activity. [Note: “ဟောဟဲ၊ ဟောဟဲ” | “hau3-heare3 hau3-heare3” is the sound of heavy breathing.]
-
အမောဆိုက် | a-mau3 hsite - အားနည်းပြီး မောပန်းနေသည် | ah3-neare3 pyi3 mau3-pan3 nay2 dthi2 - be feeble and tired.
-
အမောတကော | a-mau3 da1-gau3 - အလောတကြီး ပြေးလွှားကာ | a-lau3 da1-ji3 pyay3-hlwa3 ga2 - breathlessly and in a hurry (ˈhəri 🔊).
-
အမောပြေ | a-mau3 pyay2; a-mau3 byay2
(1) a-mau3 pyay2 - အနားယူပြီးနောက် လန်းဆန်းသွားသည် | a-na3 yu2 pyi3 nout lun3-hsun3 thwa3 dthi2 - feel refreshed after resting.
(2) a-mau3 byay2 - အမောပြေစေရန် တစ်ခုခု | a-mau3 pyay2 say2 yan2 ta1-khu1-gu1 - something to relieve exhaustion.
-
အမောဖောက် | a-mau3 pfout - သေခါနီး အသက်ရှူကျပ်သည် | thay2 kha2-ni3 a-thet-shu2 kjut dthi2 - dying person to experience breathing problem (ˈbriðɪŋ ˈprɑbləm 🔊).
-
အမောမခံနိုင်သော | a-mau3 ma1-khan2 nine2 dthau3 - သက်လုံမကောင်းသော | thet-lone2 ma1-koun3 dthau3 - unfit; lacking stamina.
-
အမောလုံ | a-mau3 lone2 - အမောခံနိုင်ရည်ရှိသည်၊ သက်လုံကောင်းသည် | a-mau3 khan2-nine2-yay2 shi1 dthi2, thet-lone2 koun3 dthi2 - have stamina.
-
အမော် | a-mau2
(1) အကျော်အမော် | a-kjau2 a-mau2 - နာမည်ကြီးသူ | nun2-meare2-kji3 dthu2 - famous person (ˈfeɪməs 🔊); ဆယ်လီ | hseare2-li2 - a celebrity ([US] səˈlɛbrədi [UK] səˈlɛbrɛti 🔊); ရုပ်ရှင်ကြယ်ပွင့် | yoat-shin2 kjeare2-bwin1 - a movie star (ˌmuvi stɑr 🔊); ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ် | htin2-sha3 kjau2-kja3 dthau3 poat-go2 - a renowned person.
(2) အငူ | a-ngu2 - ပင်လယ်ဘက်သို့ အစွန်အဖျား ငေါထွက်နေသည့် ကုန်းမြေ | pin2-leare2 bet dtho1 a-soon2 a-pfya3 ngau3 htwet nay2 dthi1 kone3 myay2 - protrusion to the sea; promontory (ˈprä-mən-ˌtȯr-ē 🔊); cape (keɪp 🔊).
(3) ရေမော် | yay2 mau2 - rapids (ˈræp.ɪdz 🔊); မြစ်၏ ရေစီးသန်သောနေရာ | myit e1 yay2-zi3-thun2-dthau3 nay2-ya2 - part of မြစ် | myit with fast current where ရေစီး | yay2-zi3 - river current is သန် | thun2 - strong. [Watch this video.]
