Myanmar English Dictionary
Vowel 'A'
အဖ - အဖီး - အဖူး - အဖေ - အဖော - အဖော် ရ - အဖို - အဖိုး တ - အဖက် - အဖတ် - အဖန် - အဖမ်း - အဖုံး - အဖျား - အဖျား ရ - အဖျော် - အဖျက် - အဖျဉ်း - အဖြာ - အဖြူ - အဖြေ - အဖြိုက် - အဖြစ် - အဖြည့် - အဖြုန်း - အဖွေး - အဖွင့် - အဘ - အဘီ - အဘေး - အဘိုး - အဘက် - အဘယ် - အဘွား - Back to Dictionary Main Menu-
အဖြိုက် | a-pfyite - mica (ˈmī-kə 🔊).
-
အဖြိုက်နက် | a-pfyite-net - tungsten (W) (ˈtəŋ-stən 🔊); wolfram, မီးခိုးရောင်သတ္တု | mi3-go3 youn2 thut-tu1 - a gray metallic element with အက်တမ်အမှတ်စဉ် | et-tan2 a-hmut-sin2 - atomic number (əˌtɑmɪk ˌnʌmbər 🔊) 74 and သင်္ကေတ | thin2-kay2-ta1 - symbol "W".
-
အဖြောင့် | a-pfyoun1; a-pfyoun1
(1) a-pfyoun1 - တည့်မတ်ခြင်း | teare1-mut-jin3 - straightness.
(2) a-pfyoun1 - ရိုးသားဖြောင့်မတ်ခြင်း | yo3-tha3 pfyoun1-mut jin3 - honesty; sincerity; uprightness; righteousness; straightforwardness; rectitude.
(3) a-pfyoun1 - ဖြောင့်ဖြောင့် | pfyoun1-byoun1 - တည့်မတ်စွာ | teare1-mut-zwa2 - in a straight line (streɪt laɪn 🔊).
-
အဖြစ် | a-pfyit
(1) အဖြစ်အပျက် | a-pfyit a-pyet.
(2) အဖြစ်နေထိုင်ခြင်း၊ ရှင်သန်ခြင်း၊ လုပ်စားခြင်း၊ အသက်မွေးမြူခြင်း | a-pfyit nay2-htine2-jin3, shin2-thun2-jin3, loat-sa3 jin3, a-thet mway3-myu2-jin3 - role; job equivalent to 'as' or 'work as' or 'live as'.
(3) [Buddhism] ဖြစ်ခြင်း၊ ပျက်ခြင်း၏ “ဖြစ်ခြင်း” သဘော | pfyit-jin3 pyet-jin3 e1 “pfyit-jin3” dtha1-bau3 - coming into existence, the event of which inevitably ends up with အပျက် | a-pyet - breaking apart, dissolution and death.
(4) လုပ်နိုင်စွမ်း | loat-nine2-zoon3 - ability; talent.
-
အဖြစ်ဆိုး | a-pfyit hso3 - misfortune; tragedy; plight; predicament; quandary (difficult situation); setback; blow (unfortunate event); whammy.
-
အဖြစ်တော်ပေါင်း | a-pfyit dau2 boun3 - stories about ဗုဒ္ဓ၏ ယခင်ဘဝများ | boat-da1 e1 ya1-khin2 ba1-wa1 mya3 - the previous lives of the Buddha, out of which the ten are narrated in ဇာတ်ကြီးဆယ်ဘွဲ့ | zut-kji3 hseare2 bweare1 - The Great Ten Jataka Tales (Mahanipata Jataka) remembered by the mnemonic: တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စံ၊ နာ၊ ဝိ၊ ဝေ
-
အဖြစ်မရှိ | a-pfyit ma1-shi1 - လုပ်နိုင်စွမ်း ကင်းမဲ့သည် | loat-nine2-zoon3 kin3-meare1 dthi2 - lack ability and talent.
-
အဖြစ်မှန်ကို ဖုံးဖိ၍ အသေးအမွှားကိစ္စ ယောင်ယောင် လုပ်ဇာတ်ခင်းခြင်း | a-pfyit hmun2 go2 pfone3-pfe1 yway1 a-thay3 a-hmwa3 kate-sa1 youn2-youn2 loat-zut-khin3 jin3 - whitewash; hiding the truth to make the situation more acceptable by making it sound like a small matter and not that serious.
-
အဖြစ်လဲ | a-pfyit leare3 - ဘဝတစ်ပါးပြောင်းသည် | ba1-wa1 da1-ba3 pyoun3 dthi2 - continue into the next form of existence.
-
အဖြစ်သနစ် | a-pfyit tha1-nit - အဖြစ်အပျက် | a-pfyit a-pyet.
-
အဖြစ်သည်း | a-pfyit there3 - စိတ်ခံစားမှု လွန်ကဲသည် | sate khan2-za3-hmu1 loon2-keare3 dthi2 - overreact.
-
အဖြစ်အပျက် | a-pfyit a-pyet - ဖြစ်ပုံ | pfyit-pone2 - incident; course of events from start to end.
