The Free Online Burmese Lessons

Learn Myanmar Language, History & Culture

A Sample of Burmese Poem

Here's a sample of Burmese poem မြန်မာကဗျာ for children. For those who can read and understand Burmese, this will leave you smiling. The Poem was written by ဆရာကြီးမင်းသုဝဏ် | Hsa1-Ya2-Ji3 Min3 Thu1 Woon2. He was born on February 10, 1909, and a poet during Bogyoke Aung San era who was born on February 13, 1915.

Added Note: I had this poem in this page a couple of years before U Htin Kyaw was hand-picked by Daw Aung San Suu Kyi to be the 9th president of Myanmar. I later came to realize that he is the son of this poet.

ဖြစ်ရလေ

မောင်ကြီးနှမ ခိုင်သဇင်
ဘယ်ဆီများလဲ ဟင်။
ခေါင်းမှာရွက်လို့ ရေအိုးတင်
ရေခပ်သွားမယ် ရှင်။

ရေအိုးထမ်းလို့ လိုက်ခဲ့ချင်
လိုက်ရမလား ဟင်။
မောင်ကြီး သဘောအတိုင်း ပင်
လိုက်ချင်လိုက်ပေါ့ ရှင်။

မောင်ကြီးမေတ္တာ ပန်းကိုဆင်
လက်ထပ်မလား ဟင်။
မောင်ကြီး သဘောအတိုင်း ပင်
နာယူပါ့မယ် ရှင်။

နှမလေးရဲ့ မွေးဖခင်
ဘာလုပ်စားလဲ ဟင်။
ထွန်ထယ်ရုန်းလို့ လယ်ကွင်းပြင်
လယ်လုပ်စားတယ် ရှင်။

မောင်ကြီးနှမ ခိုင်သဇင်
ပစ္စည်းရှိလား ဟင်။
နှမလေးရဲ့အဆင်းပင်
ပစ္စည်းပါပဲ ရှင်။

သည်လိုဖြင့်လဲ ခိုင်သဇင်
မယူနိုင်ဘူး ထင်။
ယူပါလို့များ ပျိုလေးခင်
ပြောဖူးလို့လား ရှင်။